အစိမ်းရောင် တော်လှန်ရေး၏ ဖခင် (သို့) ငတ်မွတ် ခေါင်းပါးရေး ကယ်တင်ရှင် Norman Ernest Borlaug (March 25, 1914 – September 12, 2009)

မေမေချစ်သော သားသား နဲ့ မီးမီးရေ….

မေမေ ဟာ စိုက်ပျိုးရေး ဘွဲ့ ရ တစ်ယောက်ဖြစ်သလို..စိုက်ပျိုးရေးသမားတို့ ရဲ့ ပကာသန ကင်းကင်း ရိုးရိုး စင်းစင်းနေတတ် တာတွေ ၊ တောင်သူ၊ လယ်သမားဆိုတဲ့ အခြေခံ လူတန်းစား တွေဘက်က ရပ်တည်ပေး တတ်တာတွေ ၊ သဘာဝပတ်ဝန်းကျင်  ကို ချစ်မြတ်နိုး တတ်တာတွေ ၊ ထိန်းသိမ်းစောင့်ရှောက် တတ်တာ တွေ၊ စားရေ ရိက္ခာ ဖန်တီး ထုတ်လုပ်သူ တွေအဖြစ်ရှိ နေတာတွေကို  အမြဲ မြတ်နိုး တန်ဘိုးထား လေ့ရှိ တတ်ပါတယ်။ အဲဒီအရည်အသွေးတွေကို စောင့်ထိန်းနိုင်အောင် လည်းကြိုးစား ပါတယ်..။

အခု ပြောပြချင်တဲ့ သူကတော့ မေမေ ငယ်ငယ် ကတည်း က အားကျ ခဲ့ရတဲ့ Hero Worship အဖြစ် ရှိခဲ့တဲ့ ဟီးရိုးတစ်ယောက်အကြောင်းပေါ့လေ…။ သူ့အကြောင်း ကို စတင်သိရှိ ခဲ့ရချိန်ဟာ  မေမေ ၁၀တန်း ကျောင်းသူ ဘဝလောက်ကပါ။

ငတ်မွတ်ခေါင်းပါးရေးကယ်တင်ရှင်-စာအုပ်ပါ

မြန်မာနိုင်ငံဆိုင်ရာ၊အမေရိကန်သံရုံး၊  ပြန်ကြားရေး ဌာ န က ထုတ်ဝေတဲ့ စာအုပ်က လေး တစ်အုပ် ( ငတ်မွတ် ခေါင်းပါး ရေး ကယ်တင်ရှင် ) ဆိုတဲ့စာအုပ်လေး ကိုဖတ်ခဲ့ရဘူး ပါတယ်။ ကလေးတို့ သိတဲ့အတိုင်း မေမေ့အစ်ကိုကြီးဆုံး – ဘဘကြီး ဦးလှမင်း ဟာ၁၉၆၉ ခုနှစ်က၊ မန္တလေးစိုက်ပျိုးရေးတက္ကသိုလ် က စိုက်ပျိုး ရေး ဘွဲ့ ရပြီး IRRI (International Rice Research Institute ) အပြည်ပြည်ဆိုင်ရာဆန်စပါး သုတေသန ဌာန နဲ့ ဖိလစ်ပိုင် တက္ကသိုလ် UPLB ( University of Phillipines, Los Banos ) က မဟာသိပ္ပံ ဘွဲ့ ရခဲ့တဲ့ စပါးပညာရှင် တစ်ယောက် ဖြစ်တာ မို့ သူညွှန်းဆို ပြခဲ့ တဲ့ စာအုပ်လည်း ဖြစ်ခဲ့ပါတယ်..။

ဘယ်သူတွေက ငတ်လို့ ဘယ်သူက ဘယ်လို ကယ်တင်ခဲ့တာ လဲ..။စိုက်ပျိုးရေး ဆိုတဲ့အတတ်ပညာ ဟာ လူသားတွေရဲ့ အသက်ကို ကယ်တင်နိုင်သတဲ့လား။ အဲလို အစွမ်းမျိုး ရှိသတဲ့လား ဆိုတာ မေမေ ဟာ တကယ့်ကို ပဲ သိချင်စိတ်ပြင်းပြခဲ့ရ ပါတယ်..။

သူ့ကို ၂၀ရာစု အတွင်းမှာ ကမ္ဘာကြီးကို ဘယ်လို ကျွေးမွေးရမလဲဆိုတာ သင်ကြားပေးခဲ့ပြီး ငတ်မွတ်ခေါင်းပါးဘေး နဲ့ သေဆုံး ကြရတော့မဲ့ လူသန်းပေါင်း ရာချီနေတဲ့လူတွေရဲ့အသက်ကို ကယ်တင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

နောက်တနည်းအားဖြင့် အစိမ်းရောင်တော်လှန်ရေး ရဲ့ ဖခင်ကြီးလို့ လည်း ဂုဏ်တင်ပြောဆိုကြပါတယ်..။

အစိမ်းရောင်တော်လှန်ရေးဆိုတာကတော့ A significant increase in agricultural productivity resulting from the introduction of high-yield varieties of grains, the use of pesticides, and improved management techniques. လို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်..။

အစိမ်းရောင်တော်လှန်ရေး ၏ဖခင်

တိုးတက်လာတဲ့ လူဦးရေ တိုးတက်လာတဲ့ ပါးစပ်ပေါက်တွေ ကိုကျွေးမွေး ဘို့ သီးနှံ တွေ ကိုအထွက်နှုန်း တိုးတက် အောင် ဘက်ပေါင်းစုံ ကနေ လူထု လှုပ်ရှားမှု အသွင်နဲ့ ဆောင်ရွက်ခဲ့ကြတာပေါ့.။ မေမေ စိုက်ပျိုးရေး တက္ကသိုလ်တက်တဲ့အချိန်ဟာ Green revolution ကာလ ဖြစ်ပြီး Let’s go to green Revolution , ဆိုတဲ့ဆောင်ပုဒ် နဲ့ အတူ Hunger Fighter ( ငတ်မွတ်ခေါင်းပါးရေးအတွက်တိုက်ပွဲဝင်သူတွေ)ရယ်လို့ တက်ကြွရှင်သန်ခဲ့ တာပေါ့ ကလေးတို့ရေ..။

အဲလို မေမေ အားကျ ကိုးကွယ်ခဲ့ တဲ့ သူ-ဆိုတာကတော့ Dr. Norman Ernest Borlaug ဒေါက်တာ နော်မန် အားနက်စ် ဘော့လော့ ဖြစ်ပါတယ်။

သူ့ရဲအားကျိုးမာန်တက် ကြိုးစားမှုဟာ ဖွံဖြိုးတိုးတက်ဆဲနိုင်ငံတွေ မှာရှိတဲ့လူပေါင်းများစွာရဲ့ အသက်တွေ အပေါ် များစွာအကျိုးသက်ရောက်စေခဲ့ပါတယ်..။တကယ်တော့ လည်း လူဦးရေ တွေတိုးတက်လာတာနဲ့ အမျှ စားရေ ရိက္ခာ တိုးတက်ထုတ်လုပ်ရေး ဟာ အရေးပါတဲ့ အခန်းကဏ္ဍ မှာ ရှိနေကြ ပါတယ်။ အထွက်နှုန်း တိုးတက်စေတဲ့ သီးနှံမျိုးပြားအသစ်တွေကို  မျိုးစပ်ဖေါ်ထုတ်ခဲ့တယ် ဆိုတာ ၁၉၆၀ ခုနှစ်လောက်မှာ ရှိမဲ့လူဦးရေ အငတ်ဘေး ကြုံတွေ့ရနိုင်တယ်ဆိုတာသူက  ကြိုတင် ခန့်မှန်း နိုင်ခဲ့လို့ ဖြစ်ပါတယ်..။

ဒေါက်တာ နော်မန်ဘော့လော့ ဟာ ၁၉၁၄ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ မွေးခဲ့တာ အသက်ရှင်လျက် ရှိအုံး မယ်ဆိုရင် ဒီနေ့ဟာ သူ့ရဲ့ ၉၇ နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံ အိုင်အိုဝါပြည့်နယ် ရဲ့ Cresco ဒေသ ရဲ့ လယ်တောလေးတစ်ခုမှာ သူ့ရဲ့ ရိုးရိုးစင်းစင်းဘဝ လေးတစ်ခု စတင်ခဲ့ ပါတယ်..။ သူ့ အဖိုး ရဲ့ ယာတောစံအိမ် လေး မှာသူ့ကို မွေးဖွား ခဲ့တာပါ။ မိဘ အသိုင်း အဝိုင်း တွေက နော်ဝေး နိုင်ငံကနေ ပြောင်းရွှေ့ အခြေချ နေထိုင်သူ တွေဖြစ်ပြီး အမေရိက မှာ  မှာခက်ခက် ခဲခဲ ရုန်းကန် နေထိုင်ခဲ့ရသူတွေ လည်းဖြစ်ပါတယ်..။

တကယ်တော့သူဟာ အမေရိကန် နိုင်ငံသား စိုက်ပျိုးရေး ပညာရှင် ပါ University of Minnesota ကနေ Ph.D (Plant Pathology ) ဘာသာရပ်နဲ့ ဘွဲ့ ရရှိခဲ့ပါတယ်..။ သူဟာ B.S in Forestry  ကို ၁၉၃၇ မှာ ရရှိခဲ့ပြီး၊ မဟာသိပ္ပံ ဘွဲ့ကိုတော့၁၉၄၀ မှာရခဲ့ပါတယ်။ အဲဒီ University of Minnesota ကပဲ Ph.D Plant Pathology ဘွဲ့ကို ၁၉၄၃ မှာ ရရှိခဲ့ ပါတယ်..။ မေမေ ကလည်း Plant pathology နဲ့Plant Pathogen ( (အပင်ရောဂါ နဲ့ ရောဂါဖြစ်စေတဲ့ သက်ရှိတွေ)ကို အလွန်စိတ်ဝင်စား ခဲ့ပြီး သူ့လို ပညာတွေ လေ့လာ လိုက်စားခဲ့တာ ဟာ ငယ်ငယ် က Hero Worship တစ်ဦးရဲ့ လွှမ်းမိုးသက်ရောက်မှု ဖြစ်နေတာပေါ့ ကလေးတို့ရေ..။သူ့လို ပဲ တကယ်ဖြစ်ချင်ခဲ့ပါတယ်..။

ငယ်ငယ် ဘဝလေး မှာ နှင်းတွေဖွေးဖွေးလှုပ်အောင်ကျနေတဲ့ လယ်ကွင်းတွေကို ခက်ခဲ ပင်ပန်းစွာ၊ ခြေ၊လက်တွေ အပွန်းအပဲ့ခံကာ ဖြတ်သန်းကျော်လွှား ပြီး စာသင်ခန်းတစ်ခန်းသာရှိတဲ့ ကျေးလက် မူလတန်းကျောင်း လေးကို နေ့တိုင်းမှန်မှန်ကျောင်းတက်လေ့ရှိပါတယ်။

ကျောင်းက ပြန်လာတိုင်း သူ့ မိခင် ဖုတ်တဲ့ ပေါင်မုန့် ရနံ့ မွှေးမွှေးလေးကိုရှူရှိုက်ရရင်တော့သူအမောပြေ တတ်တာ နေ့တိုင်း လိုလိုပါ။ သူဟာ ငယ်စဉ် ဘဝ ကတည်းက ကြီးကျယ် မြင့်မြတ်လိုစိတ်တွေ၊ စူးစမ်း လိုစိတ်တွေ ထက်သန်ပြင်းပြ တဲ့ လူငယ်လေး ဖြစ်ခဲ့တယ်ဆိုတာ သူ့ရဲ့ အမ Charlotte Culbert က သူ့မောင်လေးအကြောင်းကို ပြန်ပြော ပြတတ်ပါတယ်။ သူဟာ နွားနို့ ညှစ်ရင်လည်း လေလေး တချွန်ချွန် နဲ့ တက်တက်ကြွ ကြွ ရှိပြီး သူ့ဖခင်အဖြေရခက်စေမဲ့မေးခွန်းတွေ ကိုလည်း ခဏခဏ မေးတတ်ပါတယ်..။

သူမေးတတ်တဲ့မေးခွန်းတွေကတော့ တစ်ချို့ ဧရိယာ ကမြက်တွေဟာ စိမ်းပြီး တစ်ချို့ ဧရိယာ ကျတော့ဘာလို့မစိမ်းတာလဲ ဆိုတဲ့မေးခွန်းမျိုးပေါ့..။

သံချေးရောဂါ ကို အောင်နိုင်စေရေး

ဒေါက်တာ ဘော့လော့ ဟာ ၁၉၄၃ မှာ  ဘွဲ့ရလျှင် ရချင်းမှာပဲ မက္ကဆီကိုက Rockefeller Foundation ,International maize and Wheat Improvement Center မှာ အလုပ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။  ဒုတိယ ကမ္ဘာစစ်ပြီးစ ရဲ့ ဆယ်စုနှစ် ၂ခုလောက်အချိန်မှာ လူဦးရေ တွေတိုးတက်လာတာမို့ လက်ရှိ သီးနှံအထွက်နှုန်းရဲ့  ၂ ဆ လောက်တိုးထုတ်လုပ်မှသာ လုံလောက်မဲ့ သဘော  ဖြစ်လေတော့ သူဟာ သီးနှံ ဖွံဖြိုး မှု သုတေသန လုပ်ငန်းကိုကြိုးစားလုပ်ဆောင်ပါတယ်။

မက္ကဆီကို ၊ ပါကစ္စတန် နဲ့ အိန္ဒိယ နိုင်ငံတွေဟာ အထွက်နှုန်းတွေ တိုးတက်ပြီး ဝယ်ယူတင်သွင်းသူ ဘဝကနေ ပြန်လည် တင်ပို့ရောင်းချနိုင်တဲ့ နိုင်ငံတွေ ဖြစ်လာခဲ့ပါတယ်။

အထွက်နှုန်းတိုးတက်ဘို့ မြေသြဇာတွေ၊ပိုးသတ်ဆေးတွေ သုံးစွဲရလေတော့ မက္ကဆီကို နိုင်ငံမှာ သုံးစွဲ တဲ့ဂျုံမျိုးတွေ ဟာ သံချေး မှိုရောဂါကို ခံနိုင်ရည်နည်းလာတာ ကို ကြုံခဲ့ရပါတယ်…။ ဘယ်လောက်ထိကြုံရလဲဆိုရင် အငတ်ဘေးဆိုက်ရောကတော့မဲ့ အခြေအနေထိ အောင်ပါပဲ..။

နောက်တော့ သူဟာဒုတိယ ကမ္ဘာစစ်ပြီးခါနီးအချိန်လေးမှာ DuPont ဓာတုဗေဒ ဆိုင်ရာ ကုမ္ပဏီမှာ ပြောင်းရွှေ့လုပ်ကိုင် ဘို့ ကတိပေးခဲ့ပြီး မက္ကဆီကိုနိုင်ငံ ကလယ်သမားတွေရဲ့ အခက်အခဲ ကိုကူညီဘို့ ဆုံးဖြတ်လိုက် ပါတယ်။

သူဟာ မက္ကဆီကို ဂျုံစိုက်ခင်းတွေကိုစစ်ဆေး လိုက်တဲ့ အခါ မြေဆီလွှာ တွေဟာ မြေဆီမြေနှစ်တွေ ခြောက်ခမ်းပြီး ရောဂါ တွေ ဖြစ်ပွားဘို့ တိုက်ခိုက်ဘို့ အားပေးနေတာတွေ့လိုက်ရပါတယ်..။ အထွက်နှုန်းဟာ လည်း တဖြေးဖြေး ကျဆင်းနေပါတယ်..။

မက္ကဆီကို က ဂျုံခင်းတွေကိုကြည့်ရှူ လေ့လာပြီး တဲ့အချိန်မှာ ပဲ သူဟာ သူ့ဇနီး ကို စာကောက်ရေး ပါတယ်..။အဲဒီအချိန်မှာ မာဂရက်ဟာ ကိုယ်လေးလက်ဝန်ကြီး နဲ့ အမေရိကန် မှာ ကျန်ခဲ့ရှာတာပါ။ * ငါ ဘာလုပ် ပေးရမယ်ဆိုတာ တော့အတိအကျ မသိသေး ဘူး၊ဒါပေမဲ့ ငါ တစ်ခုခု တော့ စလုပ်ဘို့ မက္ကဆီကို မှာနေရမယ်* တဲ့။

သူဟာ မရေ မတွက်နိုင်တဲ့နာရီ ပေါင်းများစွာ ဂျုံခင်း ထဲမှာ အချိန်ကုန် ပေးဆပ် ခဲ့ပါတယ်..။မက္ကဆီကို နိုင်ငံကဂျုံခင်းတွေ ကို  အငတ်ဘေးကြုံလောက်အောင် တိုက်ခိုက် နေတာကတော့ ဂျုံသံချေးရောဂါ -Wheat Rust Disease ( Pathogen- Puccinia triticina ) ဖြစ်ပါတယ်။သူ့ကိုခံနိုင်ရည်ရှိစေမဲ့ မျိုး တစ်မျိုးကို ရဘို့ သေးငယ်တဲ့ဂျုံပန်းပွင့်လေးတွေ ကိုအာရုံပြုပြီး ဇာဂနာ တစ်ချောင်းနဲ့ တိုက်ပွဲ ဝင်ပါတော့တယ်..။

စိုက်ပျိုးရေး ဆိုတာ ကလည်း သဘာဝ ပတ်ဝန်းကျင် ၊ရာသီဥတုစတာတွေနဲ့ တိုက်ဆိုင်ညှိနှိုင်း ပြီးအချိန်မီလုပ်ရတာဆိုတော့ နည်းနည်းလေးမှ လွဲချော်လို့မှ မရတာနော်။တတိယ နှစ်တုံးက စပါး မျိုးစပ် ဘို့ Anther တွေ Anthesis မဖြစ်ခင်(ဝတ်မှုံတွေ – မပေါက်ကွဲခင်) နေမထွက်မီ အချိန်ကို အစောကြီးထပြီး မျိုးစပ် ရတာ မှတ်ရမိပါသေးတယ် ကလေးတို့ရေ..။

သူဟာ အလုပ်တွင်ကျယ်စေဘို့ ဂျုံမျိုးပြား များစွာ ရှိတဲ့ မက္ကဆီကိုနိုင်ငံရဲ့ နေရာအနှံ့ ကို ခရီးထွက် ရတယ်..။ မိုင်ထောင်ချီတဲ့ခရီး ကို ဖြတ်သန်းရတဲ့ လမ်းတွေက ချောချောမွေ့မွေ့ တော့မဟုတ်ပါဘူး။ တစ်ခါ တစ်ခါ သစ်လုံးတွေလဲကျ ပိတ်မိနေတာ။ အအေးမိ ဖျားနာခဲ့ရတာ။ မြစ်ရေ တွေကြီးနေတဲ့အခါ၊ ရွှံစေးမြေတွေ နဲ့ ရုံးရခက်တဲ့လမ်းတွေ နဲ့ တွေ့ ကြုံခဲ့ရင် ရွက်ဖျင်တဲ တစ်လုံး နဲ့အိပ်ရတော့တာပါ..။

Nobel Peace Prize Winner -1970, With Margret

သူငယ်ငယ်က ဖြတ်သန်းလျှောက်လှမ်းခဲ့ရတဲ့လယ်ကွင်းတွေ ထဲက ရခဲ့တဲ့ အတွေးတွေက သူ့ကို အကြံဉာဏ်သစ်တွေ ရရှိစေပါတယ်..။ မြက်တွေဘာလို့စိမ်းသလဲ။ တချို့ ဘာလို့မစိမ်းသလဲ ဆိုတဲ့ မျိုးရိုးဗီဇ နိယာမ တွေကို ငယ်ငယ်ကတည်းကရိပ်မိခဲ့သူပါ။

ဝင်းမှည့်နေတဲ့ဂျုံခင်းတွေကို ဖြတ်သန်းတိုက်ခတ်လာတဲ့လေ ဟာ ဂျုံ နှံတွေရဲ့ ပါးသိုင်းမွှေးတွေကို ထိခတ်ပြီး ပင်တည်းဝတ်မှုံကူးတာတွေ ဖြစ်စေတယ်..။ အဲဒီအသံလေးဟာ  ထင်းရှူးတော ရဲ့ ချွန်မြ တဲ့ အရွက်တွေကိုလေတိုးသလို ချိုမြ တဲ့သံစဉ် တစ်ခု ထွက်ပေါ်လာပြီး တစ်ခါကြားတာနဲ့မမေ့တော့ဘူး တဲ့..။သူပြောခဲ့ဘူးပါတယ်..။သူနဲ့ သူ့ ဂျုံခင်းရဲ့ သံယောဇဉ်ခိုင်မာမှုကို ပြဆိုနေခဲ့ တာပါ။

နောက်ဆုံး မှာ သူဟာ မက္ကဆီကို တစ်နိုင်ငံလုံး ကို အငတ်ဘေးကိုပို့ဆောင်ပေး တော့ မဲ့ ဂျုံသံချေး ရောဂါ ကို အောင်ပွဲ ဆင်ခဲ့ ပါတယ်..။သံချေးရောဂါ ခံနိုင်ရည် ရှိတဲ့ ဂျုံမျိုး တစ်မျိုး ကို မက္ကဆီကို နိုင်ငံအတွက် ထုတ်လုပ် ပေးနိုင်ခဲ့ပါတယ်..။

အဲဒီအတွက် သူ့ကို ၁၉၇၀ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ခဲ့ပါတယ်..။ သူဟာ ၁၉၇၀ မှာ ငြိမ်းချမ်ရေးနိုဘယ်ဆုရခဲ့ပါတယ်။သူ့ အသက် ၅၆ နှစ်ရှိခဲ့တဲ့အချိန်ဖြစ်ပါတယ်..။

နိုဘယ်ဆု ရွေချယ်ရေးကော်မတီက ပေးတဲ့မျတ်ချက်ကတော့ ကမ္ဘာကြီးကိုကျွေးမွေး ဘို့ပေါင်မုန်ပေးတဲ့ လူဟာ ကမ္ဘာကြီးကို ငြိမ်းချမ်းရေး ပေးလိုက်တာနဲ့ တူတူပါပဲ လို့ ပြောခဲ့ပါတယ်။ ဆုကိုလက်ခံရရှိ ကြောင်းကြေညာလိုက်တဲ့ အချိန်မှာ ဒေါက်တာ ဘော့လော့ဟာ မက္ကဆီကို မြို့တော်ရဲ့ အပြင်က ဂျုံခင်း ထဲမှာ အလုပ်လုပ်နေတဲ့အချိန် ဖြစ်ပါတယ်..။ သူ့ရဲ့ ချစ်ဇနီး မာဂရက် ဟာ  ကားမောင်း ပြီး အပြေးအလွှား လာပြော ပေမဲ့ လည်း အလုပ်လုပ်တာကို မဖျက်ခဲ့ပါဘူး။ ဂျုံခင်းထဲမှာ ဆက်နေခဲ့ပြီး နောက် တော့ မှ အောင်ပွဲ ခံကြတာပေါ့ကွာ တဲ့။

ဒီနေရာ မှာတော့ သူ့ပညာ သာမကဘူး၊ ထက်သန်တဲ့ဇွဲ၊ ထားရှိတဲ့စေတနာ အရှိန်အဟုန် ၊ကျော်ကြားမှု ကိုမမက်မောတဲ့ တည်ကြည် လေးနက် တဲ့ ပညာရှင်တစ်ဦး ရဲ့  စိတ်ထား ဟာ Self Esteem  ကိုကျော်လွန်ပြီး Self Actualization အဆင့်ကို ရောက်နေတော့တာပါပဲ..။တကယ်ပဲ အားကျ အတုယူရပါတယ်.။

စိုက်ပျိုးရေးဟာ သဘာဝပတ်ဝန်းကျင် ကို အသုံးချ ရတဲ့ အတွက် သူရဲ့ အကျိုးသက်ရောက်မှုဟာ သဘာဝပတ်ဝန်းကျင် အပေါ်လေးနက်စူးရှ မှု ရှိနေပါတယ်။အခုနောက်ပိုင်း Green revolution ရဲ့ အကျိုသက်ရောက်မှုတွေအပေါ် ဝေဖန်လာကြတာရယ် သူ့ ဆက်လက်လုပ်ခဲ့တဲ့ လုပ်ငန်းတွေ ရယ်၊ ရခဲ့တဲ့ဆုတံဆိပ်တွေ ကို နောက်တစ်ပိုင်း မှာ ဆက်လက် ရေးသားပါမယ် လို့ ပြောကြားရင်း သူ့ရဲ့ ၉၇ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုလိုက်ပါရစေတော့နော်..။

Happy 97th Birthday to Deep Respected Dr. Norman!

I’m so glad you were born, because you brighten our lives and fill it with peacefulness.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s