Dublin Trip

သားသားနဲ့ မီးမီးရေ…

ဥရောပတိုက် အတွင်းမှာခရီး သွားတဲ့ အခါ ဈေးသက်သာ တဲ့ Budget Airline တွေကိုအများစုက စီးလေ့ရှိ ကြပါတယ်..မေမေက ၂၀၀၈ မတ်လ ၄ရက် မှ၆ရက် အထိ Irish Recycling and Management ,Conference တက်စရာ ရှိတော့ အိုင်ယာလန်ကို သွား ဘို့ အချက် အလက်တွေ ရှာ.. ဟိုတယ် တွေရှာရပါတယ်..။ မေမေတို့ Ph.D ကျောင်းသား တွေ က တစ် နှစ် ကို ကိုယ့် ဘာ သာ ရပ် နဲ့ ပတ်သက် တဲ့ Conference, Seminar ၂ခုတက် ခွင့် ရှိ တယ်.. ပြန်လာ တဲ့ အခါ.. အသုံးစရိတ်ကို ကျောင်းမှာ ပြန် တင် ရပါတယ်..။ အိုင်ယာလန် ကို မေမေ့ ဆရာ တွေက Schengen Visa country လို့ ထင် ပြီး visa ယူ စရာ မလို ပဲ သွား လို့ ရတယ် ထင် နေပါတယ်.. နောက် မှ Schengen visa အကြောင်း သပ် သပ် ရေး ပါ့မယ်.။

သေသေချာ ချာ စုံ စမ်းတော့ မှ အိုင်ယာ လန် နိုင် ငံ သည် Euro currency သုံး စွဲသောSchengen visa အဖွဲ့ ၀င် မဟုတ် သော တစ်ခုတည်းသော နိုင် ငံ ဖြစ်ကြောင်း တွေ့ရပါတယ်..အဲဒီတော့ မှ မေမေ visa လျှောက် ဘို့ ပြင် ဆင်ရပါတယ်..။ သံရုံးက လိုအပ်ချက် တွေ ကို အကုန် ဖြည့် ပြီးPassport,Visa fees ,Application form တွေကို စာအိတ်ထဲထည့် ပြီး DHL နဲ့ ရောမက အိုင်ယာလန် သံရုံးကို ပို့ ပေးရပါတယ်..။ သဘောကောင်းပါတယ်..၂ရက် ကြာတော့ထုတ် ပေးပါတယ်..။

ရောမကနေ Dublin စီး တဲ့ အခါ..Leonardo da vinci လီယိုနာဒို ဒါဗင် စီလို့ခေါ်တဲ့ အပြည် ပြည် ဆိုင်ရာ လေ ဆိပ် အကြီးကို မသုံးပဲ..လေ ဆိပ် အသေးလေး မှာ သွား စီးရပါတယ်..Ciampino Airportလို့ ခေါ်ပါတယ်..။ အဲဒီကိုရောက် ဘို့ Terra Vission ကားကုမ္မဏီ ကို Online ကနေလက်မှတ်လှမ်း ၀ယ်တော့ 5Euro ပေးရ ပါတယ်..။ ကားပေါ် ရောက်မှဝယ်ရင်တော့ 10Euro ပေးရတာပေါ့လေ..။ မေမေ ဈေးသက်သာ တဲ့  Ryan Air  ကို ရွေးစီး လိုက်တော့ လေယာဉ် ခက 170Euro ပေးရတယ် .။

ဘတ် ဂျက် လိုင်းတွေက လေယာဉ်ပေါ် Boarding လုပ် တဲ့ အခါ အစော ဆုံးတက်ခွင့် ကို သပ် သပ်ရောင်းစားကြပါတယ်..။ 20Euro ပို ပေးမှ လိုင်းသပ်သပ် နဲ့တင်ပေးပါတယ်..။ မဟုတ်ရင်တော့ တန်းစီပေတော့ ပဲ..၊  လေဆိပ်မှာ  ဂုဏ် သရေ ရှိ ပုဂ္ဂိုလ် ကြီး အယောက် ၆၀ နဲ့ ဆုံတွေ့ရပါတယ်..။ သူတို့နဲ့ အတူ စီးနင်းခွင့်ရခဲ့ပါတယ်..။ အသက် ၁၂ နှစ် ၀န်းကျင်ယောကျာင်္းလေးတွေချည်းပဲ..မျောက်မူးလဲ လေးတွေ ဆိုပါ တော့ ။ အားလုံးက သူတို့နဲ့ အတူ ရော နှော ပျော်ဝင်ကုန်ကြတယ်..။ တန်းစီရတာ မပျင်းတော့ပဲ.. သူတို့ကို ကြည့်ပြီး အပျင်းပြေရတယ်..။

အိုင်ယာလန်Dublin  Blackrock College ကျောင်းသားလေး တွေဖြစ်ကြောင်းလေယာဉ်ပေါ် မှာ အင်တာဗျူး ကြည့်တော့မှ သိရပါတယ်..။ Dublin ကနေ Rome, Napoli မြို့တွေ ကို လေ့လာရေး ၆ရက် တာ ခရီး ပြီးဆုံးလို့ အိမ်ပြန် ကြတာဖြစ်ပါတယ်..။ သူတို့ရဲ့ ဓာတ် ပုံ ကလေး ပါ..၂နာ ရီ ခွဲကြာအောင် စီးရပေမဲ့ အပြန် အလှန် အင်တာ ဗျူး ကြ တော့ Dublin ကို ရောက် လို့ရောက် မှန်း မသိ လိုက်ရ တော့ တဲ့ အဖြစ်ပါ..။ သူတို့ကလည်း ဥရောပ သူ မဟုတ်တဲ့ မေမေ့ကို စိတ် ၀င်စားချင် စူးစမ်းချင်ကြတော့ အံကိုက်ပဲ..။ သူမေးကိုယ်မေးပေါ့..။

နံမည်တွေက Richard Owen and Michael Moriarty တဲ့..တီရှပ် ပြာ နဲ့ Richard လေးက လေယာဉ် က ခုံ ကို ဆွဲချပြီး Project တင်ရမယ်..အခု ကြိုရေးထားရမယ် တဲ့ ပါမောက္ခ စတိုင်နဲ့ ရေးပါတော့တယ်..။မေမေ့ကိုလည်း အီတလီ အစားအစာ တွေနံမည် သေချာရေးပြီးမှတ်တမ်းတင်ပါတယ်..။ အလေ့အထကေင်းလေးတွေပါ..။

သူတို့ ကျောင်းမှာ သင်ရ တဲ့ ဘာ သာ တွေက ၁၃ ခုတာင် ရှိတာပဲ..1.English, 2. French,3. Spanish,4. Latin,5. Mathematics,6. Arts,7.Sports, 8. Irish,9.History,10.Geography,11.Computer application ,12.General Science ,13.Religions တွေသင်ရတယ်တဲ့..။

Religion ကဘာ ဘာသာလဲ မေးတော့ ခရစ် ယာန်၊ အစ္စလာမ်၊ဗုဒ္ဓဘာသာ၊ဟိန္ဒူ ဘာ သာ တွေသင်ရတယ်တဲ့..။ ဘာ ကို ကြိုက် လဲ ဆို တော့ ဗုဒ္ဓဘာ သာ အကြိုက် ဆုံး ဆိုပဲ… ဘာကြောင့် ကြိုက်တာလဲမေးတော့….ဗုဒ္ဓဘာ သာကိုလေ့လာပြီး Project တွေလုပ်ရတာ ပျော်လို့တဲ့..။သူတို့ သေချာတော့ ရှင်းမပြနိုင်ပေမဲ့..ကြိုက်တာတော့ သေချာတဲ့ပုံပဲ..။

ဆရာ ဦးဆန်းလွင်လည်းရေးဘူးတယ်..သူဘာသာ တရားတွေလေ့လာ တဲ့ အခါ..ဗုဒ္ဓ ဘာ သာ ကိုထိတွေ့ရတာနဲ့ အအေးဓါတ်ကု ခံစားရတယ်ဆိုထားတာ မေမေဖတ်ဘူးတယ်..။

မေမေက စိုက်ပျိုးရေးသိပ္ပံ တွေ မှာ ဆရာမ လုပ်ခဲ့တာ ၁၀ နှစ်၊ Technical Teachers’ Training Institute မှာ ဆရာမ လုပ် ခဲ့တာ ၂ နှစ်၊ Yangon Technological University, Biotechnology မှာက ၃ နှစ် လုပ် ခဲ့တာ..။အဲဒီအတွေ့ အကြုံ နဲ့ ပြောရရင် မြန် မာ ကျောင်းသားတွေက အထူ အအ တွေတော့ မဟုတ်ဘူး..။Exposure လို့ခေါ်တဲ့ အထိအတွေ့ နည်းပါးလို့ ညံ့ သလို ဖြစ်နေတာ..။

မေမေရဲ့ ဘာ သာ Biotechnology ဆိုရင် Instrumentation ဖြစ်ရမယ်..။ စက်ကရိယာ အကူအ ညီ များစွာရဲ့ အထောက်အပံ့ရမှ နားလည် မဲ့ သဘော..။ မြန်မာ မှာ အဲဒါလိုတော့ အဆင့်နိမ့် သလိုဖြစ်ရရှာတယ်..။မေမေ Yangon Technological University မှာ သင်ယူခဲ့ ရတဲ့ Biotechnology Post Graduate Diploma, and Master of Science Course Work က AIT ထက် အဆင့်မြင့်ပါတယ်..။ Instrumentation သာအားနည်း တာပါ..။ ဘာသာရပ် အသစ်ဖြစ်လို့  မကြာခင် ကမှ နိုင်ငံခြားက ဘွဲ့ယူပြန်လာတဲ့ဆရာကြီး တွေကို ဖိတ်ခေါ် သင်ကြား စေခဲ့ လို့ပါပဲ..။ အဲဒီကျေးဇူးမေမေဘယ်တော့မှမမေ့ပါ..ကလေးတို့ရေ။

လေယာဉ်တစ် ခုလုံးလည်း ဆူညံ နေပြီး လေယာဉ် မောင်လေး ခမျာ ခါးပတ်ပတ် ဘို့အော် အော် ပြောရတာ မောနေရှာပါတယ်..။ ဘတ်ဂျက် Airline တွေထုံးစံအတိုင်း ဘာ မှာ မကျွေးတော့..အစားအသောက်တွေရောင်းရတာ လေယာဉ်မယ်လေးတွေလည်း လက် မလည် ရှာ ပါဘူး..။ Richard နဲ့ Michael  က ချောကလက်တွေ သကြားလုံး တွေ သိပ်စားလို့ မစားဘို့ သွားကျန်းမာရေး ဂရုစိုက်ဘို့တားရ ပါတယ်..။

လေယာဉ်က အင်္ဂလန်ကို ဖြတ် သွားတော့ တော် တော် မှောင် နေပါပြီ..မီးတွေထိန်နေတာ မြင်နေရတယ်..။ လေယာဉ် ဘီးကလေယဉ်ကွင်းကိုထိတဲ့ ဒုတ် ကနဲ..မြည်တဲ့ အသံ နဲ့ အတူ Dublin လေဆိပ်ကို Landing လည်း လုပ်ကော.. လက်ခုပ်တွေတီး ကြ..၀ီစီတွေ မှုတ်ကြ နဲ့မေမေ တောင် ပျော် ရွှင် သွားခဲ့ရပါတယ်..။မမေ့နိုင် တဲ့ ခရီးစဉ်လေး တစ်ခုပေါ့..။

လေဆိပ်မှာ..Immigrationကို ဖြတ်တဲ့ အခါ Non European Passport Counter မှာ လူအိပ်ပျော်နေလို့ နှိုးယူရတယ်..လူသိပ်ရှုပ်တာကိုး..မေမေတစ်ယောက်ထဲ…။ ည ၉နာရီ ကျော်နေပေမဲ့ စိတ်ထဲမှာတော့ လုံခြုံ နွေးထွေး လှပါတယ်..။ Luggage ရွေးပြီးတော့ ထပ်တွေ့ တဲ့ Richard ကျောပိုးအိတ် ဇစ်ကြီးပွင့်ပြီး လျှောက် သွားနေလို့ ရပ်ခိုင်းပြီး ပိတ်ပေးခဲ့ရပါသေးတယ်..။

Irish လူမျိုးတွေက ဖော်ရွေနွေးထွေး တယ် ဆိုတာကို Dublin မြို့လယ်ခေါင် မှာ တည်းရမဲ့ Maple Hotel ကို ရှာရင်း နဲ့မှ လက်ခံ ယုံကြည်ရပါတယ်..။ ၂ထပ်ဘတ်စကားမောင်း တဲ့လူက အမျိုးသမီးဖြစ်ပြီး လက် မှတ် မရှိ ကြောင်းပြောတော့ ထိုင်ရာက ဆင်း ပြီး Vending Machine မှာ ၀ယ် ပေးတယ်..ဘယ်လို သုံးရပုံပါတခါတည်းပြလိုက်သေးတယ်..။

သူတို့ သေသေချာချာ လမ်း ညွှန်ပေးလို့သာ Maple Hotel ကို ည၁၀နာရီခွဲမှာ ရောက် ရှိ ရပါတော့တယ်..။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s