Charles Robert Darwin ( 12th February 1809 – 19th April 1882)

ကလေးတို့ရေ..

အခုလာ မဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက် ဆိုရင် တို့များရဲ့ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့  ၉၄ နှစ်မြောက် မွေးနေ့ ဆိုတာ သားကြီးကို ဥဂ္ဂါ ဘလော့ မှာ တင် ထားတာ တွေ့ရတော့ အော် ကလေးတွေ တန် ဘိုး ထားကြ တာ ပဲရယ် လို့ ၀မ်းသာ ရပါတယ်..။

သည် နေ့ ကျောင်း ကပို့လာ တဲ့ Email တွေကို စစ် လိုက် တဲ့ အခါကျတော့ မေမေ တို့ကျောင်း University of Camerino, Italy မှာ Darwin Day ကျင်းပကြ မဲ့ ကြော်ငြာ Poster ကို လက် ခံ ရတော့ ကလေးတို့ကို Charles Robert Darwin အကြောင်း မျှဝေ ဘို့ စဉ်းစားရင်း ရေးလိုက်ပါတယ်..။

အခု ရှိမယ် ဆို ရင် လာ မဲ့ (ဖေဖေါ် ဝါရီ ၁၂ မှာ ဒါဝင် မွေးနေ့ပါ) ဆိုပြီး အ နှစ်  ၂၀၀ပြည့် မွေးနေ့ကျင်းပနိုင် မှာ ပေါ့လေ..အပေါ် က ဓာတ်ပုံက အသက် ၅၁ နှစ် နဲ့ အသက် ရနှစ် သား ကလေး တုံးက ပုံ တွေ ဖြစ်ပါတယ်..။ အပင်လေး တွေကို ကိုင်ထား ပုံလေး က ငယ် ဘ၀ထဲကို က သဘာဝ သိပ္ပံ ပညာ ရှုင် ဖြစ်လာ မှာ ကို ပြဆို နေလေရဲ့။

အသက် ၈ နှစ် အရွယ်မှာ သူ့ရဲ့ အမေ သေဆုံး ခဲ့ တော့ အစ်ကို အစ်မ တွေ ရဲ့လက် မှာ ကြီးပြင်းရတယ်။ အသက် ၁၆ နှစ် မှာ Scotland Edinburgh University မှာ ဆေး ပညာ သင် ယူ ခဲ့ပေမဲ့ ကျောင်း မှာ မေ့ဆေး မပေးပဲ ခွဲစိတ်တာ တွေ တွေ့ တဲ့ အခါ ဆေးပညာ ကို ဆက် မသင်ချင်တော့ဘူး။ ၂နှစ်လောက် ကြာ တော့ Botany Professor  John Henslow နဲ့ တွေ့ခဲ့တာ ဟာ သူ့ ဘဝကို လေးနက် တဲ့ သုတေသနလုပ် ငန်း စဉ် တွေ စတင် ဘို့ ဖြစ်လာ တယ်..။ သူ့ရဲ့ လက် ဦး ဆရာ လမ်းပြကြယ် ဖြစ်ခဲ့ပါတယ်..။

Capt Robert FitzRoy နဲ့ တွေ့ ပြီး အင်္ဂလန် ရဲ့ ပြင် ပ ကမ္ဘာ ကို HMS Beagle သဘောင်္ကြီးနဲ့ အတူ ခရီးထွက် ခွာ ခဲ့တာ ၅ နှစ်တောင် ကြာ ခဲ့ပါတယ်..။ ပင်လယ် ထဲ က ကျော ရိုး မဲ့ သတ္တ၀ါတွေ အပြင် တောင် အမေရိက တိုက် မှ အပင် မျိုး စိတ် တွေ၊ သတ္တဝါတွေ(Fauna and Flora)အကြောင်း မှတ်တမ်းတင် နိုင် ခဲ့တယ်..။သည် ပုံလေး ကတော့ သူ သွားခဲ့ တဲ့ ခရီးစဉ် ပြ မြေပုံလေး ဖြစ်ပါတယ်..။

As far as I can judge of myself I worked to the utmost during the voyage from the mere pleasure of investigation, and from my strong desire to add a few facts to the great mass of facts in natural science.”
— Charles Darwin


ခရီးစဉ် က အပြန် မှာ Origin of Species ဆို တဲ့ စာ အုပ်အပါ အဝင် Taxonomy စာ အုပ်14 အုပ် ရေးခဲ့တယ်..လူ ဆို တာ မျောက် က ဆင်း သက် လာ တယ် ဆို တာ သူ ပြော ခဲ့တာ ပေါ့။ ဥရောပ သား တွေ ဟာ လူ ကို ဘုရား သခင် က ဖန်ဆင်းတယ် လို့ ယူ ဆကြ တယ်။ မူ ဆလင် တွေကလည်း အလ္လာ ဟု အရှငမြတ် က ဖန် ဆင်းတယ် ပေါ့ လေ..။မြတ်ဗုဒ္ဓ ရဲ့ အယူ အဆ ကတော့ မသိတာ အစ သိ တာ့ အဆုံး ပေါ့ လို့ ပဋိစ္စ သမုပ္ပါဒ် တရားတော် မှာ ပြဆိုခဲ့ပါတယ်..။ မေမေ လည်း ဉာဏ် မမီ နိုင် သေးပါ ကလေးရေ..။

အဲ ဒီ အယူ အဆ တွေနဲ့ ဆန့်ကျင် နေ တော့ ဒါဝင်ရဲ့ သီ အို ရီ ဟာ စိတ် ကူးယဉ် မှု တစ် ခုလို့ဝေဖန် ပြော ဆိုခံရပါတယ်..။ ဂျာ မဏီ က Adorf Hitler ကတော့ သူတို့ ဂျာမန် တွေက စစ် မှန် တဲ့ လူ မျိုးတွေ.. ကျန် တာ တွေက မျောက် မျိုးတွေ ဆို ပြီး သတ် ပစ်တာ ဒါဝင် သီအိုရီ ရဲ့ ဆိုးကျိုးလို့လည်း တစ် ချို့ စာ တွေ မှာ တွေ့ ရတယ်..။

သူ့ရဲ့ ကြော်ကြားလှတဲ့  Survival of Fittest or Adaptability  Theory , Evolution Theory တွေ ကို မေမေတို့ Biotechnology Course, Ecology , မှာသင် ခဲ့ရဘူးတယ်..။

ပတ် ဝန်းကျင် ရဲ့ပြောင်းလဲမှု အပေါ် မှာ လိုက် လျော ညီထွေ နေ နိုင် စွမ်း ကို Adaptability လို့ခေါ်တာ ပေါ့ကွယ်..။ ဥပမာ ဝင် ရိုး စွန်း ၀က်ဝံ တွေ Polar Bear တွေ ဟာ ဟိုး အရင် နှစ်ပေါင်း များ စွာ က အဖြူရောင် မဟုတ်ဘူး တဲ့ တော ထဲ ကလို အမဲရောင် ပေါ့လေ..။ ဖြူဖွေးတဲ့ နှင်းတွေ ကြား မှာ အမဲရောင် ဆို တော့ အမဲလိုက် သူ တွေ မြင် လွယ် ဖမ်း လွယ် နိုင်တာ ပေါ့..။အဖြူရောင် ဆိုရင် နှင်း တွေကြားမှာ အန္တရာယ် ကင်း မှာ ပဲ ဆို တဲ့ စိတ် ခံစား မှု ကြီး စိုးလာ တော့ အဖြူရောင် ကို ပြောင်းကုန် တာ ဖြစ်ကြောင်းသဘာ ဝ သိပ္ပံ ပညာရှုင်  Charles Darwin က ဖော်ထုတ်ခဲ့တာ ပါ..။

မေမေ ငယ် ငယ် က ကြိုက် နှစ် သက် တဲ့ စာ ရေး ဆရာ မ စမ်း စမ်း နွဲ့ (သာ ယာ ဝတီ) ရဲ့ ဝတ္ထု ထဲ က မှတ်ထား ဘူးတာ ရှိတယ်..။ အဲဒီ ထဲက ဇာတ်လိုက် ကပြော တာ..(အံဝင် ဂွင်ကျ မဖြစ်တဲ့ ပတ် ဝန်း ကျင် နဲ့ အံဝင် ဂွင် ကျဖြစ် နေတဲ့ သူပါ တဲ့).. တွေးကြည့်ရင် သူ့ မှာ Darwin ပြောတဲ့  Adaptability ရှိနေတာ ပါ..။

မေမေ တို့တွေလည်း သည်ပတ် ၀န်းကျင် မှာ အဆင်မပြေတာ တွေ တွေ့ ရရင် Survival of Fittest Theory ကို သွားသွား သတိရ ပြီး ကြိုးစား စားရတာ ပေါ့ ကလေးရေ..။ Natural Selection သဘာ ဝ ရဲ့ ရွေးချယ် မှု မှာ (သင့်တော် သူ သာ ရှင် သန် ရာ ) ဆို တာ ကိုယ့် ဘဝထဲ မှာလည်း အ သုံးချ ရ မယ် လေ..။

မေမေ ကတော့  Genetics , DNA Technology တွေ သင် နေရတော့ မျောက်ရဲ့ Genetic System နဲ့ လူ ရဲ့Genetic System တူ နေလား၊မတူဘူးလေ..။ဒါပေမဲ့ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားရဲ့ တိရိစ္ဆာန် ဘုံခန်းတရားတော် နာ ယူဖြစ်တဲ့ အခါ ဗုဒ္ဓတရားတော် တွေဟာ ဒါ ဝင် ရဲ့ သီအို ရီ နဲ့ ဆန့်ကျင် မနေဘူး။

Genetic System ဟာလည်း Generation by Generation ဆင့်ကဲပြောင်းလဲ ခဲ့တာဖြစ်မယ်လိုလို့ မေမေယုံကြည်တယ်။ ဟိုတလောကတော့ ဗာတီကန် မှာ  ဒါဝင် သီအိုရီ ဟာ ခရစ်တော်ရဲ့ အယူ နဲ့ သဟဇာ တ ဖြစ်ကြောင်း ဟောပြောတာတော့ သတင်းမှာ ဖတ် လိုက်ရတယ်..။ဒါကြောင့် ဒါဝင် ပြော ခဲ့တာ ကို ခဏ ခဏ စဉ်းစား ဖြစ်နေမိသလို လူကို ဘုရား သခင် က ဖန် ဆင်းတယ် လို့ ယုံကြည် ကြ တဲ့ အီတလီမှာ Darwin Day ကို ဘယ် လို ကျင်းပကြမလဲ ဆို တာ ပို လို့ ပိုလို့ စိတ် ၀င် စားနေမိပါတယ်..။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s