
ဒီပုံလေးကတော့Typical UPA ကိုနားလည်စေ တဲ့ပုံပါပဲ။

ဒါက ကိုကျော်ဦးရဲ့ ဆေးဘက်ဝင်သော UPA
ပိုမိုစိမ်းလန်းသော မြို့ပြ အိမ်ယာများ ထူထောင် ခြင်း ဆိုတဲ့ ဒီခေါင်းစဉ်လေးကတော့ Growing Greener Cities လို့နာမည် ပေးထားတဲ့ FAO (ကမ္ဘာ့စားနပ်ရိက္ခာ ) အဖွဲ့ကြီး က ဆောင်ရွက်နေတဲ့ လုပ်ငန်း စဉ် ကို ဘာသာပြန်ထားတာပဲ ဖြစ်ပါတယ်..။
FAO (ကမ္ဘာ့စားနပ်ရိက္ခာ ) အဖွဲ့ကြီး..က အစိုးရအဖွဲ့ အစည်းတွေ..မြို့ ရွာ တွေကို အုပ်ချုပ် တဲ့သူတွေ အဖွဲ့အစည်းတွေကို အဓိကထားပြီး မြို့ထဲ ရွာ ထဲ..လူနေတဲ့နေရာ တွေများ တစ်နိုင်တစ်ပိုင် ဟင်းသီး ဟင်းရွက် သစ်သီးဝလံများစိုက်ပျိုးထုတ်လုပ်ကြဘို့နှိုးဆော် ဥိးဆောင် နေတာပါ..။
ဥယျာဉ် ခြံ အသေးလေးတွေ၊ အလွှာ အထပ်မြင့် တဲ့အဆောက်အဦတွေ မှာနေရရင်လည်း တိုက်ခေါင်မိုး တွေပေါ်မှာ အိမ်သုံးဟင်းခင်း စိုက်ပျိုးလုပ်ကိုင် နိုင်ကြစေဘို့ အတွက် အစိုးရ အဖွဲ့ အစည်းများ က ကူညီ ဘို့ ဆောင်ရွက်နေတာ ပဲဖြစ်ပါတယ်..။
ကျေးလက်တောရွာ တွေက နေ မြို့ပြ တွေကို ပြောင်းရွှေ့ နေထိုင်ကြ Urbanization ဆိုတာ အရင်က ၂.၆ ဘီလီယံ ကနေ အခု ဆို ၃. ၂ ဘီလီယံ ထိ တိုးတက်လာ ခဲ့ တာဟာ ကျွန်မ တို့လိုဖွံ့ ဖြိုး တိုးတက် ဆဲနိုင်ငံတွေများ လည်းများ မြန်လည်းမြန် ဖြစ်နေပါတယ်..။
ဖွံ့ ဖြိုးပြီး နိုင်ငံတွေကတော့ မြို့ နဲ့ ကျေးလက် ဆိုတာ မကွာ လှတာမို့ Urbanization ဟာ ရာနှုန်းအနည်းငယ် သာ တိုးတက်ခဲ့တာပါ။
အခုတော့တဲ့အချိန်မှာ မြို့ပြ နေလူထု ရဲ့ ဆင်းရဲ မွဲတေ မှု ဟာ ကြီးမားတဲ့ ပြဿနာ ဖြစ်နေခဲ့ပါတယ်။ ဒါ ကို အားလုံးက အမျိုးသားရေး တာဝန် တစ်ခု အဖြစ် ဝိုင်းဝန်း လှုပ်ရှားဆောင်ရွက် ရတော့မှာ ဖြစ်ပါ တယ်..။
အရင် တုံးကတော့ တော မှာ နေတဲ့သူတွေ ကသာ ဆင်း ရဲတယ် ယူဆကြတာကိုး ။
အခုတော့ မြို့ကို များများ နဲ့ လျှင်မြန်စွာရွှေ့ပြောင်းနေထိုင်မှု Rapid increasing Urbanization တွေကြောင့် မြို့ တွေမှာ ဆင်းရဲပမွဲတေမှု တိုးတက်လာသလို စားရေရိက္ခာ မလုံလောက်မှုတွေ..။
ကလေးသူငယ်များ အဟာရ ချို့တဲ့တာတွေ ၊
အလုပ်လက်မဲ့ဦိးရေ တိုးတက်လာ မှုတွေ..၊
ပြစ်မှုဆိုင်ရာ မှုခင်း ကိစ္စ များ နဲ့
ရှုပ်ထွေးတဲ့ လူမှုရေးပြဿနာ တွေက တစ်နေ့ တစ်ခြား ကြီး ထွားနေပါတော့ တယ်..။
အဲဒီအခါ မှာ FAO က UPA ( Urban and peri-Urban Agriculture ) ဆိုတဲ့ ဖြေရှင်းနည်းတစ်ခု ကို စတင်လိုက်ပါတယ်..။
မြို့ ပြ နေလူထု ရဲ့ မိမိ တို့ နေထိုင်ရာ အိမ်ယာ အနီးအနား တစ်ဝိုက်မှာ စိုက်ပျိုးရေး လုပ်ခိုင်း တဲ့ လှုပ်ရှားမှု ဖြစ်ခဲ့ရပါတယ်..။ စိုက်ပျိုးရေး တင်မကပါဘူး၊ တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်တာတွေ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု တွေ၊ လူမှု ရေး စောင့်ရှောက်မှုတွေပါ …ပါဝင်ပါတယ်။
ကျွန်မ ဆိုလိုချင် တဲ့ မြို့ ဆိုတဲ့နေရာ မှာ နယ် မှာ ရှိနေတဲ့ မြို့ တွေ လည်းပါဝင်ပါတယ်..။
နေ့စဉ် စားသုံး နေတဲ့ သီးနှံ တွေ အတွက် တော ဘက်ကလာတ စောင့်နေစရာမလိုတော့ပဲ အိမ်ဝိုင်းထဲက ခူးဆွတ်စားသုံး လိုက်တာ ဟာ ငွေအကုန်အကျ သက်သာသလို… အဟာရ လည်းပြည့်ဝ စေပါ တယ်..။
အိမ်မှာ အမြဲ လို နေရ တဲ့ အမျိုး သမီးတွေ လည်း တစ်နိုင်တစ်ပိုင် ဆောင်ရွက် နိုင်တာမို့ တိမ်မြုပ်နေတဲ့အင်အားတွေကိုဖေါ် ထုတ်သလို လည်း ရည် မှန်းထားပါတယ်။
ကိုယ့်ရဲ့ လူနေမှု ဘဝ ရဲ့ ကုန်ကျ စရိတ်တွေ ကာမိပြီး စဉ်ဆက်မပြတ် ရှင်သန် နေစေ ပါတယ်..။
အခု ကျွန်မတို့ ကြုံတွေ့ နေရတဲ့ မြို့ပြ ရဲ့ မွန်းကြပ် မှု ဝေဒနာ တွေကိုလည်း လျှော့နည်းစေ လိုတဲ့ရည် ရွယ် ချက်လည်းပါပါတယ်..။
ဘန်ကောက်မြို့ ဆိုရင် အဆောက်အဦတိုင်း ဟာ လေအေးစက်တွေ တပ်ဆင်ကြတာမို့အဲဒီက မှုတ်ထုတ် လိုက်တဲ့ အပူတွေ ကြောင့် မြို့ပြ ရဲ့ အပူချိန် ဟာ ရှိသင့်တာထက် ပို မို ပူလောင် နေတာ ဘန်ကောက်ရောက်ဘူးသူတိုင်းခံစားရမှာပါ..။
ကျွန်မ တို့ နေတဲ့ ရန်ကုန် မှာ ဆိုရင်လည်း တိုးတက် လာ တဲ့ ကားအရည် အတွက်များ က ထုတ်လုပ် လိုက် တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ နဲ့ သိပ်သည်း ကြပ်တည်းလာတာ အမှန်ပါပဲ..။
ဒါကြောင့် မို့ စိုက်ပျိုးရေးဆို တဲ့ဘာသာရပ် ဟာ တောနေ လူထု အတွက်သာရည် ရွယ် တဲ့ ပညာ မဟုတ်တော့ပဲ မြို့ မှာ နေတဲ့လူတိုင်း တတ်ထားသင့်တဲ့ပညာရပ် ဖြစ်လို့ နေပါပြီ။ ကျွန်မတို့ အားလုံး ..စိမ်းလန်းသော ပတ်ဝန်းကျင်ကို ဖန်တီးသင့် တဲ့အချိန် ရောက်လာပါပြီ..။
နောက်ပြီး သူတပါး စိုက်ပျိုးလိုက် တဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်ကို စားရတာ..ယုံကြည် စိတ်ချရမှု ဘယ်လောက်ရှိနေမှာ မို့လို့ လဲ..။
ပိုးသတ်ဆေး ဓာတ်ကြွင်း တွေ…ပါနေမလား၊ ဝမ်းရောဂါ ဖြစ်စေတဲ့ ပိုးမွှားတွေ ပါတဲ့ ရေတွေ နဲ့ ဆေးထားတာလား၊ သဘာဝ လွန် တဲ့ ဓာတုဆေးတွေ နဲ့ ရင့်မှည့် စေခဲ့တာလား၊ ဆိုတာ မသိနိုင်ပဲ ကိုယ်ကလည်း စားသုံးခဲ့သလို..ကိုယ့်မိသားစု ကိုလည်း ကျွှေးမွေး ခဲ့ရတာမို့ ရောဂါ အစ မီးဖိုချောင် က ဆိုတဲ့စကားနဲ့ ကိုက် ညီနေတော့ တာ..အရင်ကပေါ့နော်..။
ကျွန်မ တို့ ရဲ့ အိမ်နီးချင်း နိုင်ငံတွေကိုကြည့်လိုက်ရင် ဒီ UPA ကနေ သူတို့နိုင်ငံ ရဲ့ ၅၀% သုံးသော သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက်တွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်..။ ဗီယက်နမ် ဟနွိုင်း မှာ ဆိုရင် တစ် UPA နှစ်ကို တန်ချိန် ၁၅၀၀၀၀ ရှိတဲ့ သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက်တွေကို ထုတ်လုပ်ပေးပါတယ်..။ ကျူးဘားနိုင်ငံက ဟာဗားနားမှာ ဆိုရင် တစ်နိုင်ငံလုံး ရဲ့ ၆၀% စားသုံးမှုကို UPA ကနေ ရတာ ပဲဖြစ်ပါတယ်.။
တချို့ နိုင်ငံ တွေ မှာဆိုရင် အစိုးရ ကနေ ဥပဒေထုတ်ပြီး ဦးဆောင်ပြောင်းလဲစေခဲ့ပါတယ်။ အာဂျင်တီးနား မှာ အစိုးရကနေ National Policy ပြဌာန်းပြီး UPA ကို မြှင့်တင်ခဲ့ပါတယ်..။
ဘရာဇီးလ် မှာဆိုရင် ဝန်ကြီးဌာ နတစ်ခု ဖွင့်လှစ်ခဲ့ပါတယ်.. (Ministry for Combating Hunger sets urban agriculture guidelines) ဆိုပြီးတော့ပါ..။
အီဂျစ်နိုင်ငံမှာတော့ Green Food from green roofs ဆိုတဲ့ဆောင်ပုဒ် နဲ့ တိုက်ခေါင်မိုးတွေပေါ်မှာ ဥယျာဉ် ခြံတွေ ပြုလုပ်ခဲ့ကြပါတယ်..။
ဒီ လှုပ်ရှားမှုလေးဟာ မြို့ နေ လူထု ကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို မြေသြဇာ ပြန်လည် ထုတ်လုပ်ကြတာလည်း ပါဝင်ပါတယ်..။
မီးဖိုချောင်သုံးအမှိုက် တွေ..ဈေးတွေကနေ ထွက်လာ တဲ့ငါးအမှိုက်တွေ ကနေ အော်ဲဂဲနစ် မြေသြဇာ ထုတ်လုပ်ကြတာလည်းပါတာမို့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ကျ စေတာ ဖြစ်ပါတယ်.။ ( ဓာတ်မြေသြဇာ ထုတ်လုပ် မှုကနေကော သုံးစွဲ မှုကနေပါ ဖန်လုံအိမ်ဓာတ်ငွေ့ များစွာ ထွက်စေပါတယ်။)
မြောက် အမေရိက မှာ ဆိုရင် အော်ဂဲနစ် စွန့်ပစ်ပစ္စည်းတွေက ထွက်လာ တဲ့ အော်ဂဲနစ်မြေသြဇာကို အိမ်သုံးဟင်းခင်းစိုက်ခင်းတွေကို အပြည့်အဝ ထောက်ကူပေးနိုင်ခဲ့ ပါတယ်..။
ကက်စထရို ရဲ့ ကျူးဘား နိုင်ငံမှာဆိုရင်လည်း ဓာတုမြေသြဇာတွေ နေရာမှာ အော်ဂဲနစ် မြေသြဇာ တွေကို အစားထိုးသုံးစွဲနေပါပြီ။
ကလိုရိုဖီးလ် လို့ ခေါ် တဲ့ရောင်ခြယ် ဆဲလ် တွေ ပါဝင်လို့ စိမ်းလန်းကြတဲ့အပင်တွေဆိုတကလည်း လူတွေ ကြောင့် ညစ်နွမ်းသွား တဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ တစ်ခု ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသုံးဝင်အောင် ပြုပြင် ပြီးအစာ ချက်လုပ်ကြတဲ့စက်ရုံတွေ ဆိုတာ အားလုံးသိကြပါတယ်..။
အခု ဆိုရင် ကာဗွန်ဒိုင် အောက်ဆိုဒ် အများဆုံး နေရာတွေ ဟာ လူဥိးရေ ထူထပ်တဲ့ မြို့ ပြ တွေ ဖြစ်နေပါတယ်။ သစ်ပင် အစိုက်သင့်ဆုံးနေရာတွေ…ကလည်း လူနေထူထပ်တဲ့နေရာတွေပါ။ စိမ်းလန်းစေမှု ကုထုံး နဲ့ အမြန်ဆုံး ကုစားသင့်တဲ့ နာတာရှည် ဝေဒနာသည်တွေ လိုဖြစ်နေပါ တော့တယ်။
ဒီ UPA ( Urban and peri-Urban Agriculture ) ဆို တဲ့ ပိုမိုစိမ်းလန်းသော မြို့ပြ အိမ်ယာများ ထူထောင် ခြင်း (သို့) အိမ်သုံးဟင်းခင်းစိုက်ပျိုးခြင်း လှုပ်ရှား မှုဟာ မြို့ ပြ နဲ့ ဆင်ခြေဖုန်း က အိမ်တွေ သာမကပါဘူး။
သူတို့ အဓိက ထားစည်းရုံး ချင်တဲ့လူတွေကတော့ အိမ်ခြေ မဲ့သော၊ ကျူးကျော် အိမ်ယာ များ နေ ဆင်းရဲသားလူထုကို ရည်ရွယ် ပါတယ်…။
ဆင်းရဲ မွဲတေမှု လျှော့ချရေး ဆိုတဲ့ Poverty Reduction Problem ဟာ ကျေးလက်ကနေ မြို့ကို ရွေ့လျားလာခဲ့တာကိုး။
နောက် ဒီလှုပ်ရှားမှု ကနေ စောင့်ရှောက်ချင်တဲ့ အုပ်စု ကတော့ စာသင်ကျောင်းတွေ နဲ့ ကလေးသူငယ် များ ပဲဖြစ်ပါတယ်..။
ကျောင်းကို ထမင်းဘူး မထုပ်လာ နိုင်တဲ့ကလေးတွေ…. တစ်နေ့ မှ တစ်နပ်ပဲ စားရ တဲ့ ကလေးတွေ ရှိတယ် ဆိုတာကို မြောက်ဒဂုံ မှာ စာသင်တဲ့ မူလတန်းပြဆရာမလေးတစ်ယောက် ထံ မှ ကျွန်မ ကြားဘူးထားပါတယ်..။
FAO ကတော့ Nutrition အကြောင်း စိုက်ပျိုးရေးအကြောင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားတွေ ကို သင်ဘို့ သင်ရိုးညွှန်းတန်း သူတို့ မှာရှိကြောင်းးသင်ကြားဘို့ အကြံ ပြုထားပါသေး တယ်..။
ထိုင်းနိုင်ငံကတော့ စာသင်ကျောင်းတွေ မှာ အဲလို စိုက်ခင်းလေး တွေ လုပ်တယ်… ခူးဆွတ်ပြီး ကလေးတွေကိုနေ့ လည် စာကျွေးတဲ့အစီအစဉ် ကို လွန်ခဲ့ တဲ့အနှစ် ၂၀ လောက်ကတည်းက ဘုရင့်သမီးတော် ရဲ့ ရံပုံငွေ အထောက်အပံ့ နဲ့ စတင် ခဲ့ပြီးသားဖြစ်ပါတယ် လို့ ဆွေးနွေးပါတယ်..။ တယ်တော် တဲ့ သမီးတော်ပါတကား။
ကျွန်မက တော့ အာဟာရ ဝလင် အောင် မကျွေး မွေးနိုင်ပဲ အစာ အဟာရ အကြောင်းတွေ သင်ကြားပေးရ မှာကို ရှက်ရွံ့ အားနာမိပါတယ် ကလေးတို့ရယ်..။ သမီးတော်လို ဘုန်းကံ မကြီးပါလားနော်။
ကျွန်မ ရဲ့ နယ် လှည့် တောင်သူပညာပေးသင်တန်း တွေ ထဲမှာ ဘုန်းဘုန်းဒေါက်တာပညောဘာသ ရဲ့ ကျောက်တန်းရွာ ဘကကျောင်း နဲ့ ဘုန်းဘုန်းဒေါက်တာ အာစာရ ရဲ့ ရင်းရဲ ရွာ ဘကကျောင်း ၊ စိုင်ပြင်ရွာက ရာဟုလာ ဓမ္မသင်တန်းကျောင်း တွေ မှာ ဒီ UPA ကို သင်ကြား ခဲ့ဘူးတာ မို့ ရှေ့ဆက် ပြီး ဘုန်းဘုန်းဒေါက်တာ ဝဏ သီရိ တို့လို ဘကကျောင်းအုပ် ဘုန်းဘုန်းများ နဲ့ အကြောင်း ညီညွတ်တဲ့အခါ မိတ်ဆက် ရပါအုံးမယ်။
ကျွန်မ ရဲ့ ဓမ္မ မိတ်ဆွေ မစိုးယု ပိုင် ကတော့ သူ့ရဲ့ သားလေး ကို အလွယ် ဆုံး ကြက်သွန် မြိတ်ရအောင်စိုက်နည်းကို သင်ထားပေးပြီး မကြာခဏ ဆိုသလို အသုံးတည့်အောင် လည်း ဆီချက်ခေါက်ဆွဲ လုပ်ကျွေးပါသတဲ့..။
FAO က UPA Project မြန်မာနိုင်ငံမှာ စရင် မစိုးယုပိုင်တို့သားအမိ ကို ကြက်သွန်မြိတ် စပါယ်ရှယ် လစ်စ် အဖြစ် ဖိတ်ခေါ်ရတော့မှာ အသေအချာ..။

ကြက်သွန်မြိတ် စပယ်ရှယ် လစ်
အိမ်သုံးဟင်းခင်းစိုက်ပျိုးခြင်း ဆိုတဲ့အတိုင်း စိုက်ပျိုးဘို့ကို ဟင်းသီးဟင်းရွက် တွေကိုသာ ရွေးချယ် ထားပါ တယ်။ ဒါမှလည်း အရင်းနည်းနည်း နဲ့ စတင်နိုင်ပါမယ်။ နောက်ပြီး အကြီးမြန်တာမို့ ရက် အနည်းငယ် အတွင်း ခူးဆွတ် ရောင်းချ နိုင်ပါတယ်။ လူတိုင်းစားသုံးကြတာမို့လည်း ဈေးကွက်လို အပ်ချက်ဆိုတာ ရှိနေတာပါ။
ဒီ လုပ်ဆောင်မှု ဟာ အလုပ်လက်မဲ့ ဖြစ်နေတဲ့ မြို့ ပြ က ဆင်းရဲသားတွေ အတွက် အလုပ်အကိုင်အခွင့်အလန်း ဖန်တီးပေး နိုင်တာ ဖြစ်ပါတယ်..။
FAO အဆို အရ ဆို မြို့ပြ ဆင်းရဲသား သန်းပေါင်း ၈၀၀ က အိမ်သုံးဟင်းခင်းစိုက်ပျိုးခြင်း ကို လုပ်ဆောင်နေကြပြီး လူဦးရေ သန်း ၂၀၀ ကတော့ ဈေးကွက် ပို့ဆောင်နိုင်တဲ့အထိ အလုပ်အကိုင် အခွင့် အလန်း များရရှိခဲ့ပါတယ်တဲ့။
အခုဆိုရင် အာဖရိက တိုက်က နိုင်ငံတော်တော် များများ နဲ့ ကိုလံဘီယာ၊ မက္ကဆီကို၊ တောင်အာဖရိက တွင်သာမက အမေရိက နိုင်ငံတို့မှာပါ ကျင့်သုံး နေကြ ပါကြောင်း သိရပါတယ်..။
အမေရိက မှာ ကတော့ ဒီလို တစ်နိုင်တစ်ပိုင် အိမ်သုံးဟင်းခင်းစိုက်ပျိုးခြင်း
အလေ့အထ ကြောင့်ရာဇဝတ် ပြစ်မှု ဖြစ်ပွားမှုတွေ ကိုတောင်လျှော့ကျ စေခဲ့တယ်လို့ဆို ပါတယ်..။
Growing Greener Cities
Home gadening
Urban and Peri-urban Agriculture
စသည်ဖြင့် နာမည် ဘယ်လို ပဲတပ်ပြီး လှုပ်ရှား နေကြပေ မဲ့ ကျွန်မတို့ မြန်မာ လူမျိုးတွေအတွက်တော့ အကြီးအကြယ် ဆန်းကြယ် လှတဲ့ ခေါင်းစဉ် တော့မဟုတ်ပါဘူး။
ကျွန်မတို့ ရဲ့ မိဘ ဘိုးဘွားတွေ က ( အိမ်နောက်ဖေး၊ ဈေးဆိုင်တည်) ပါလို့ ဆုံးမစကားမှာကြားခဲ့ တာ မမေ့ ခဲ့ပါ..။
၅လွှာ မှာ နေပြီး မြေပိုင်ဆိုလို့ ပန်းအိုးထဲကမြေသာ ပိုင်ဆိုင် တဲ့ ကျွန်မ အတွက်သာ… ဒီ Urban and Peri-urban Agriculture ကို ရတဲ့ပစ္စည်း နဲ့ ရတဲ့နေရာမှာ စိုက်ဘို့ ကြိုးစားရပါအုံးမည်။
To The World without Hunger ဆိုတဲ့ FAO ဆောင်ပုဒ်လေးဟာ ကျွန်မ အား ဟိုး ရှေးရှေးကတည်းက နေရောင်အောက်မှာပျော် စေခဲ့သည်ပဲ။
အခု အချိန်မှာတော့ Mr. Ben Kimon ကတော့ Zero Hunger ဖြစ်အောင် Challenge လုပ်ချင်နေပါသတဲ့။ တကယ် ဇီရိုးဖြစ်အောင် အားလုံး ကြိုးစားရမှာ ပဲမဟုတ်ပါလား။
ဆာလောင် နေသော ရင်ထဲက အပူ တို့ အားစားနပ်ရိက္ခာ ကြွယ် ဝမှု ဖြင့် ငြိမ်းချမ်းအေးမြ ခွင့် ပေးနိုင်ရပါစေသား။
*Ms. Makiko Taguchi ( FAO, Rome ) Growing Greener Cities ရဲ့ Lesson ကိုကိုးကားရေးသားပါသည်..။
*အမျိုးသမီး စီးပွားရေး စွမ်းဆောင် ရှင် များအသင်းမှ ပရောဂျက် မန်နေဂျာ ညီမ မခင်သိန်းထွေး က တောင်းဆိုထားတဲ့ မန္တလေး FM အသံလွှင့်အစီအစဉ် မှာ လွှင့်ရန် လည်းရည် ရွယ်ပါတယ်။
မေတ္တာဖြင့်-
သစ္စာအလင်း