Asian Institute of Technology

သားသားနဲ့ မီးမီးရေ..

သည်ပုံလေးဟာ AIT student life ကို ထင်ဟပ်ပေါ်လွင် စေတဲ့ ဓါတ်ပုံလေးပါ.. ပေါ်လွင်အောင်လည်း ဖန်တီးရိုက်ကူးခဲ့တာ ဖြစ်ပါတယ်..၂၀၀၅ခုနှစ်ဦးပိုင်းမှာ..Bangkok Post သတင်းစာက သတင်းထောက်က သတင်းဆောင်းပါးရေးဘို့လာရောက် ရိုက်ကူးခဲ့တာပါ..။

မေမေ က အဲဒီနေ့က ဌာနမှာ Thesis Progressive Presentation ရှိတာ မို့ Coat နဲ့ Skirt ၀တ်ပြီး စက်ဘီးစီး ထွက် လာ ခဲ့တာ..စာကြည့်တိုက် ရှေ့ရောက်တော့…Bangkok Post က သတင်းထောက်က လူမျိုး စုံသွားအောင် Participate လုပ်ပေးပါဆိုတာနဲ့ ၀င်ရိုက်လိုက်တာ.. ယနေ့ထိလည်း AIT Alumni Association AITAA ကကိုယ်စားပြု ဓါတ်ပုံအ ဖြစ် အသုံး ပြုဆဲပါပဲ..။ http://www.ait.ac.th/about သည် web page မှာ သည်နေ့ထိ တင်ထားဆဲပါပဲ..အသက်ကြီး ပြီး ရုပ်မလှလည်းတက်လို့ရတယ်ဆိုတာ ကြော် ငြာ ချင်လို့ ကိုယ့်ကိုဖိတ်ခေါ်ခဲ့တာ လို့ တွေး မိတယ်..။မေမေ့ Blog မှာကတော့ အတွေ့အကြေုံနဲ့ အတွေးအခေါ် ကို ပဲ မျှဝေမှာ ပါ…ကျမ်းစာတစ်စောင်လိုတော့အချက်အလက် ပြည့် စုံမှာ မဟုတ်ဘူး ။အဲဒီလင့် မှာ ၀င် လေ့လာ ကြည့်ပါ ကလေးတို့..။

တချို့ က ကျွန်မ ကျောင်းဆက်တက်ချင်တယ်..ဒါပေမဲ့ ကလေး အမေ ဖြစ်နေလို့.. တချို့ က ကျွန်တော်တက်ချင်တယ်..ဒါပေမဲ့ အသက် ၄၀ နားနီးနေလို့ စသည် ဖြင့် အကြောင်းပြတဲ့အခါ.. မေမေ ဟာ.. လက် ညှိုးထိုးပြစရာ..နမူနာ တစ်ခုပေါ့…။အဲလို လူမျိုးတွေကလည်း ချဉ်းကပ်နည်းခံကြပါတယ်..။မေမေက လည်း အပြည့်အ၀ကိုယ်ချင်းစာ စိတ်နဲ့ အ မြဲကူညီပါတယ်..။

ဆရာတော်ဘုရား ကို လျှောက်ထား ကြည့်တဲ့အခါ.. ပညာရေးကောင်းစေတဲ့ …အကြောင်းကံတွေ လုပ်ခဲ့ လို့ ပညာသင်ဆုတွေရတယ်.. ပညာသင်ခွင့်တွေရတယ်..။သို့သော် အစ စေတနာ ၊ ပုဗ္ဗ စေတနာ အားနည်း ချို့တဲ့ ခဲ့လို့ ဒုတိယအရွယ် ကျမှ အကျိုးပေးတာ ဖြစ်တယ် တဲ့..။

ကျောင်းသားအများစုက ပညာ သင်ဆုနဲ့တက် ကြတော့ အာရှ နိုင်ငံ တက္ကသိုလ်တွေက ဆရာ၊ ဆရာမ တွေ ၀န်ထမ်းတွေ များပါတယ်…။ငယ်ရွယ် ပျိုမျစ် သူတွေရဲ့ ကြား မှာ ဖြစ်လေ့ ရှိတတ်တဲ့ အိုမင်းသူတို့ရဲ့ သိမ်ငယ်မှုတော့ သိပ်မကြီးမားလှတဲ့ နေရာ တစ်ခုပါ…။

မေမေက AIT ရောက်တဲ့ အခါ..အီးမေးလ်မပို့တတ်..အင်တာနက် မသုံးတတ်..၊ Power Point မလုပ်တတ်..ရောက်စ သုံးလမှာ တော့ ဗြောင်းဆန်နေတာ ပေါ့..။ တိုးတက်ရစ်တဲ့ မျိုးဆက် သစ်တို့ရဲ့ ပညာ ပြန်လည် မျှ  ဝေ လို့ သာ အဆင်ပြေခဲ့ ရပါတယ်..။ အခု မြန်မာ ပြည်က သားသားအပါအ၀င် လူငယ်ကလေးတွေ ရေးတဲ့ Blog လေးတွေ ဖတ်ရတော့..ကလေးတွေကို ပြန်လေးစား ရပါတယ်..။

အင်္ဂလိပ်စာ ကတော့ အာရှမှာ ကိုလိုနီ နိုင်ငံ ဖြစ်ခဲ့ရတော့.. အိန္ဒိယပြီး ရင် မြန်မာ တွေဟာ..အင်္ဂလိပ်စာကု သဒ္ဒါမှန်မှန် ရေးနိုင် ပြော နိုင်ကြပါတယ်..။ထိုင်းကျောင်းသား၊ ဗီ ယက်နမ် ကျောင်းသားတွေက စာတော် ပေမဲ့ အသံထွက်နဲ့ Presentation ကျတော့ ညံ့ကြပါတယ်..။ထိုင်းတွေ က ကွန် ပျုတာသုံးစွဲတာတွေ မှာ တော် ပါတယ်..။

မှတ်မိသေးတယ်..မေမေတို့..Semester Break မှာတက်ရတဲ့ ကျောင်းသားအားလုံး Program အစုံက နေ International Course တစ်ခု စုတက်ကြရပါတယ်..။ Presentation တွေမှာ ထိုင်းကျောင်းသား နဲ့ အန္ဒိယကျောင်းသားတွေ…စကားနိုင်လုကြ ရန်စောင်ကြတာ..။ ထိုင်းတွေ က ငါတို့ က ကျွန် မဖြစ်ခဲ့တော့ ကျွန်စာ မှာ မတော်ဘူးလို့..ပြန်ပြော ကြတယ်..။အိန္ဒိယတွေကတော့..အများစုတော် ကြတာ အမှန်ပဲ..။ AIT ရဲ့ လူတွင်ကျယ်တွေပေါ့..။

တစ်ခါ.. မေမေတို့ မြန်မာ ကျောင်းသာတွေ..အစည်းအဝေး လုပ် ပြီး အုပ်စုလိုက် အခန်းထဲက ထွက်အလာ မှာ..အိန္ဒိယကျောင်းသား တစ်ယောက်က သူပြောာ နားထောင်ဘို့ မေတ္တာရပ် ခံပြီး သူဟာ..အခုလာမဲ့ Student Union မှာ Vice President အဖြစ်အရွေးခံ မဲ့အကြောင်း သူ့ကိုမဲပေးဘို့ လာပြောတာ ကြုံ ခဲ့ဘူးတယ်..။ သာမာန် မြန်မာ တစ်ယောက် လုပ်ဘို့ ခက်ခဲ မဲ့ တော် တော် ရှက်မဲ့ ကိစ္စပါ..။ Extreme Character ရှိတတ်ကြတယ်..။

မြန်မာကျောင်းသား တွေက တော့ အစွန်းတွေ လွတ် ပြီး အမြဲတမ်း Tutorial, Assignment, Presentation, Lab report တွေ နဲ့ ခေါင်းမဖေါ် နိုင်အောင် နပမ်း လုံးနေကြတာ ပဲ များပါတယ်..။

ည ၂နာရီ၃နာရီ အထိ တင်းနစ် တဖုံးဖုံး ရိုက်၊ ရေ တဗွမ်း ဗွမ်း ကူး နေတာ ကတော့ ဥရော ပ ကလာတဲ့ Exchange studentတွေ ဖြစ်ပါတယ်..။ သူတို့ က 1Semesterမှာ 1Credit သာ ယူကြရတာကိုး..။ ညအချိန်မတော် မို့ ကျောင်းထဲ ၀င်မလာရဲစရာ မရှိ..။ အမြဲ နိုး ကြားနေသော Institute လို့ခေါ်ရမလိုပဲ..။မြန်မာ ကျောင်းသားတွေကတော့..Assignment Institute of Technology ,Asian Institute of Tension လို့ နာ မည်ပြောင်ပေး ထား ကြပါတယ်..။

အခု..အီတလီရောက် ပြီးမှ.. ဥရောပက Conference တွေ Seminar တွေ တက် တဲ့ အခါ.. AIT မှာကျောင်းတက် ခဲ့ကြောင်းပြောတော့…It is good, well known as Asian MIT လို့ ပြော ခံရတာ ကြုံဘူး ပါတယ်..။ကမ္ဘာ့  ထိပ်တန်းအမေရိကန်တက္ကသိုလ် MIT Massachusetts Institute of Technology လို့ အာရှမှာ ကြော်ကြားပါသတဲ့…။ ကျောင်းတက် ဆဲ မြန်မာ ကျောင်းသားတွေ အားတက် အောင်ရေးရတာပါနော်..။

ဘာပဲ ဖြစ် ဖြစ်..အဲဒီ ၂နှစ် တိတိကျကျပြောရရင်..၂၂လ ကို ပင်ပန်းကြီးစွာ ကျော် ဖြတ်ရင်း ဘ၀တွေ ဟာ..စိတ်သစ်လူသစ်ဘ၀သစ်အဖြစ်.. အသစ် တဖန် မွေးဖွားစေခဲ့ပါတယ် လို့ပြော ရင်…..။ AITian ကျွန်မရဲ့  မောင်၊ ညီမ များ သဘော တူကြလိမ့်မယ် ထင်ပါရဲ့..။

 

Leave a comment